ရန်ကုန် ၊ မရမ်းကုန်မြို့နယ်အတွင်းက လမ်းဝ ဂုံးကျော်တံတားပေါ်ကနေ YBS ကားတစ်စီး ဟာ ထိုး ကျသွားပါတယ်။

ဒီဖြစ်စဉ်ဟာ ဒီကနေ့ ညနေပိုင်း လေးနာရီခွဲကျော်လောက်ကဖြစ်ခဲ့တာပါ။ တံတားအောက်ခြေမှာ လူနေအိမ်တွေရှိနေပါတယ်။

Myanmar Fire Services Department

တံတားပေါ်ကနေ ထိုးကျသွားတဲ့ ကားကတော့ YBS အမှတ် ၁၆ လိုင်းက ကားဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ ကျား ၈ ဦးနဲ့ မ ၁၄ ဦး စုစုပေါင်း ၂၂ ဦးရှိတယ်လို့ ဒီကနေညနေပိုင်း ၅ နာရီ ၅၅ မိနစ် မှာ ထုတ်ပြန်ထားတဲ့ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

Myanmar Fire Services Department
Myanmar Fire Services Department

ထိခိုက်ဒဏ်ရာရသူတွေအားလုံးကို မြောက်ဥက္ကလာပဆေးရုံးကိုပို့ဆောင်ထားပါတယ်။

Source: Myanmar Fire Services Department

Leave a Comment

Your email address will not be published. Required fields are marked *