Covid-19 ကာကွယ်ဆေးသာလျှင် ကမ္ဘာသူ ကမ္ဘာသားအားလုံးရဲ့ ပုံမှန်လူနေမှုဘဝကို ပြန်လည်ယူဆောင်လာပေးနိုင်မှာပါလို့ United Nations အထွေထွေအတွင်းရေးမှူး Antonio Guterres က ဧပြီလ ၁၅ ရက်နေ့ကပြောကြားခဲ့ပါတယ်။

ဘေးထွက်ဆိုးကျိုးနည်းပြီး အစွမ်းထက်တဲ့ကာကွယ်ဆေးသာလျှင် ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ပေးနိုင်မှာဖြစ်ကာ လူ့အသက်မီလီယံပေါင်းများစွာနဲ့ ဒေါ်လာထရီလီယံပေါင်းများစွာကိုလည်း ကယ်တင်နိုင်မှာဖြစ်တယ်” လို့ သူကဆိုပါတယ်။ ဒါ့အပြင် ဆေးပညာရှင်တွေကိုလည်း သင်တို့ရဲ့ အစွမ်းကုန်ကြိုးစားနေမှုဟာ တစ်ကမ္ဘာလုံးအကျိုးအတွက်ဖြစ်ကာယခုရောဂါကပ်ကြီးကို အမြန်ဆုံးအဆုံးသတ်ပေးနိုင်မယ့် လက်နက်တစ်ခုအတွက်လို့ လည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

ယခုကာကွယ်ဆေးဖော်စပ်မှုကို ၂၀၂၀ အကုန်မှာ အပြီးသတ်နိုင်ဖို့ဆိုတာ အပြည်ပြည်ဆိုင်ရာက ဖြေဆေးအတွက် ရင်းနှီးမြှုပ်နှံပေးမဲ့သူတွေအမြောက်အမြားလိုအပ်ကာ ဒါမှသာ ပူးပေါင်းလုပ်ဆောင်နိုင်မှုနဲ့ လူသားတွေတောင့်တနေတဲ့ဖြေဆေးဟာ အမြန်ဆုံးပေါ်ထွက်လာမှာပါ” လို့ သူကထောက်ပြခဲ့ပါတယ်။

Photo: AFP

ဒါ့အပြင် Mr. Guterres ဟာ မတ်လ ၂၅ ရက်နေ့က အမေရိကန်အား UN လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံလှူဒါန်းဖို့ တိုက်တွန်းခဲ့ပြီး ယခုအချိန်မှာတော့ ရန်ပုံငွေလိုအပ်မှုဟာ ထိုပမာဏထက် ၂၀ရာခိုင်နှုန်းလောက်ပိုမိုလိုအပ်နေပြီဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအကူအညီမပါဝင်ပဲ UN က အာဖရိက ၄၇နိုင်ငံကို ရောဂါစစ်ဆေးရေးကိရိယာများစွာထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဖရိကနိုင်ငံခေါင်းဆောင်တွေရဲ့ ရောဂါကာကွယ်ရေးမှာ တတက်တအားပါဝင်မှုကို အားရကျေနပ်မှုရှိတယ်လို့လည်းပြောကြားခဲ့ပါတယ်။

Uganda က ယခုရောဂါကပ်ကာလအတွင်း နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းအခွန်တွေကို အချိန်ရွှေ့ပေးခဲ့ပြီး Namibia နိုင်ငံကတော့ နိုင်ငံတွင်းက အလုပ်လက်မဲ့ဖြစ်သွားကြတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးတွေပေးအပ်ခဲ့တာကို တွေ့ရပါတယ်။ အီဂျစ်မှာတော့ စက်ရုံလုပ်ငန်းတွေကို အခွန်လျော့ပေါ့ပေးခဲ့ပြီး ပြည်သူ့အကျိုးကို ကြည့်ပေးခဲ့ပါတယ်။

နှစ်ကိုယ်တူဘဝလေးတွေပြန်စဖို့က ကာကွယ်ဆေးကိုသာမျှော်လင့်ရမှာဖြစ်လို့ ယခုအတောအတွင်းမိမိကျန်းမာရေးကိုဂရုစိုက်ပြီး တတ်နိုင်သမျှအိမ်မှာပဲနေဖို့ တိုက်တွန်းလိုက်ရပါတယ်။

Writer- ZWP(thelifestylemyanmar)
Source- CNA

Leave a Comment

Your email address will not be published. Required fields are marked *