ချင်းပြည်နယ်၊ တီးတိန်မြို့မှ COVID-19 ပိုးရှိသူ လူနာအမှတ် ၁ ခရီးသွားလာစဉ် ဝင်ရောက် တည်းခိုခဲ့သည့် ကလေးမြို့မှ နေအိမ်ပိုင်ရှင် အမျိုးသမီးတွင် ရောဂါပိုးကူးစက်ခံရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကလေးမြို့ ကျန်းမာရေးဦးစီးဌာနမှ သတင်းအချက်အလက် ဆက်သွယ်ရေးတာဝန်ခံ ဦးမျိုးမြင့်က ဧရာဝတီသို့ ယနေ့မနက်က အတည်ပြုပြောဆိုထားကြောင်း သိရသည်။

ပိုးတွေ့လူနာ နေအိမ်အား အဝင်အထွက်ပိတ်ဆို့ရန်ပိုးတွေ့လူနာ နေအိမ်အား အဝင်အထွက်ပိတ်ဆို့ရန် စီစဉ်နေစဉ် / IPRD Kalay / Facebook

ဦးမျိုးမြင့်က “သူက သတို့သားနဲ့ တီးတိန်ကိုလည်း လိုက်သွားခဲ့သေးတယ် ပြောတယ်၊ ၆၃ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကြီးပေါ့၊ အခုအိမ်ပတ်ဝန်းကျင်ကို အဝင်အထွက် ပိတ်ဆို့နေပါပြီ” ဟု ရှင်းပြသည်။

ကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနကလည်း လူနာအမှတ် ၁ တည်းခိုခဲ့သည့်နေအိမ်မှ ရောဂါပိုးတွေ့ရှိမှု အခြေအနေအား သတင်းထုတ်ပြန်ထားပြီး နေအိမ်ပတ်ဝန်းကျင် လမ်းများ ပိတ်ဆို့ထားကြောင်းလည်း ကြေညာထားသည်။

ပိုးတွေ့လူနာ နေအိမ်အား အဝင်အထွက်ပိတ်ဆို့ရန်ပိုးတွေ့လူနာ နေအိမ်အား အဝင်အထွက်ပိတ်ဆို့ရန် စီစဉ်နေစဉ် / IPRD Kalay / Facebook

COVID-19 ရောဂါပိုးရှိသူ လူနာအမှတ် ၁ သည် အမေရိကန်နိုင်ငံမှ ပြန်လာသူဖြစ်ပြီး တီးတိန်မြို့နယ်၊ ကပ်တဲလ်ရွာရှိ ၎င်း၏ မိခင်ဖြစ်သူနှင့် တီးတိန်မြို့ရှိ ၎င်းတည်းခိုခဲ့သည့် နေအိမ်မှ တဦးတို့လည်း ကူးစက်ခံထားရပြီး တီးတိန်ဆေးရုံတွင် ကုသမှု ခံယူလျှက်ရှိသည်။

Leave a Comment

Your email address will not be published. Required fields are marked *