ယနေ့ ဧပြီလ ၅ရက်နေ့ ညနေ ၇နာရီခွဲထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံတွင်း Covid-19 ကူးစက်ခံရသူ ၁၂၀ဦးရှိခဲ့ပြီး စင်ကာပူနိုင်ငံတွင်း ရောဂါကူးစက်မှုစတင်တွေ့ရှိခဲ့သည့် ဇန်နဝါရီလမှစပြီး အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ကာ စုစုပေါင်းကူးစက်ခံရသူ ၁၃၀၉ ဦးရှိပြီဖြစ်ပါတယ်။

ထိုအယောက် ၁၂၀ ထဲမှ ၄ဦးသာလျှင် ပြည်ပမှပြန်လာသူဖြစ်ပြီး ကျန်ကူးစက်ခံရသူအားလုံးဟာ နိုင်ငံတွင်းကူးစက်ခံရမှုဖြစ်ပါတယ်။ ယခုလို စံချိန်တင်မြင့်မားလာရခြင်းဟာ အလုပ်သမားအဆောင်အတွင်း စတင်တွေ့ရှိခဲ့မှုကြောင့်ဖြစ်ကာ အိပ်စက်နားနေဆောင်ဖြစ်တဲ့အတွက် ကူးစက်မှုများပြားခဲ့တာလည်းဖြစ်ပါတယ်။

@CNA

ယခုအချိန်မှာတော့ ကူးစက်မှုဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားအဆောင်နှစ်ဆောင်ကို ကျန်းမာရေးဝန်ကြီးဌာနက ယာယီပိတ်ထားလိုက်ပြီလည်းဖြစ်ပါတယ်။ ထိုအလုပ်သမားအဆောင်နှစ်ဆောင်မှာ ဆောက်လုပ်ရေးလုပ်သား ၁၉,၈၀၀ အထိနေထိုင်ခဲ့ကြပြီး ထိုသူအာလုံးကို သူတို့ရဲ့အခန်းအတွင်းမှာပဲ၁၄ ရက်နေဖို့အမိန့်ထုတ်ထားပါတယ်။

အစားအစာနဲ့ဆေးဝါးကို ထောက်ပံ့ပေးသွားမယ့်အပြင် လက်သန့်ဆေးနဲ့ အဖျားတိုင်းစက်တွေကိုအသုံးပြုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ အခြားသော ဆောက်လုပ်ရေးအဆောင်တွေကိုလည်း အနည်းဆုံးး၃ပေအကွာမဖြစ်မနေခွာပြီးနေရာချထားရတော့မှာဖြစ်ကာာ အလုပ်ခွင် အတွင်း ထိတွေ့မှုနည်းနိုင်သမျှနည်းအောင် ကြိုးစားသွားမယ်လို့လည်းသိရပါတယ်။

@CNA

ယခု ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နိုင်ငံခြားသားအများစုလုပ်ကိုင်နေကြတာကြောင့် ယခုထုတ်ပြန်ချက်တွေဟာ နိုင်ငံခြားသားဆောက်လုပ်ရေးလုပ်သားတွေကို ပစ်မှတ်ထားပြီး ရှောင်ကြည်ကြရမယ့်သဘောမျိုးပြောတာမဟုတ်ပဲကြိုတင်ကာကွယ်ရေးအတွက်လှုံ့ဆော်ခြင်းသာ ဖြစ်တယ်လို့ ယခု Covid-19 ထိန်းချုပ်ရေးကို ဦးဆောင်နေသူ Mr. Lawrence Wong ကဆိုပါတယ်။

ဒါ့အပြင် ရောဂါကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်နိုင်မှုရာခိုင်နှုန်းများတဲ့သူတွေကို ရွှေ့ပြောင်းထားရှိဖို့ Singapore Expo အဆောက်အအုံကို ပြင်ဆင်ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ သောကြာနေ့ကတော့ ဝန်ကြီးချုပ် Lee Hsien Loong က နိုင်ငံအတွင်း ကူးစက်မှုအရှိန်လျော့ချနိုင်စေရန်အချို့သောလုပ်ငန်းတွေကို တစ်လတာရပ်တန့်ဖို့ ဆုံဖြတ်ခဲ့ပါတယ်။ စားသောက်ကုန်နဲ့ အခြားသော မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက်လုပ်ကိုင်စေမှာဖြစ်ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Leave a Comment

Your email address will not be published. Required fields are marked *