နှစ်စဉ် မေလ ၉ ရက်နေ့ရောက်တိုင်း မော်စကိုမြို့က ရုရှားနိုင်ငံရဲ့အထင်ကရ ရင်ပြင်နီမှာ ပြုလုပ်မြဲဖြစ်တဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲအခမ်းအနားကို ယခုနှစ်အတွက် ဆိုင်းငံထားမယ်လို့ ရုရှားသမ္မတပူတင်က ကြေငြာလိုက်ပါပြီ။

ယခုနှစ်ဆိုရင် ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေကိုဆိုဗီယက်ယူနီယံက အောင်ပွဲဆင်ခဲ့တာ ၇၅ နှစ်ပြည့်ပြီဖြစ်ကာ ယခင်နှစ်တွေက တစ်ကြိမ်မျှ ဆိုင်းငံ့ခဲ့ခြင်းမျိုးမရှိပဲ ယခုတစ်ခေါက်က ပထမဆုံးအကြိမ်လည်းဖြစ်တယ်လို့သိရပါတယ်။

@BBC

ပူတင်က ” မေလ ၉ ရက်နေ့ဟာ ရုရှားတို့ရဲ့ နေ့ထူးနေ့မြတ်ဆိုလည်း မမှားပါဘူး သို့ပေမယ့် ရုရှားနိုင်ငံသားတစ်ဦးချင်းဆီရဲ့ အသက်ကိုလည်းကျွန်တော်တို့ တန်ဖိုးထားရပါမယ်။ ဒါ့အပြင် စစ်ပြန်ကြီးတွေကလည်း ပွဲကိုရွှေ့ဆိုင်းပေးဖို့ တောင်းဆိုကြပါတယ်” လို့ ပြောခဲ့ပါတယ်။

Covid-19 နဲ့ပတ်သတ်လို့ကတော့ ရုရှားမှာ ကြာသပတေးနေ့က ထပ်တိုးကူးစက်ခံရသူ ၃၄၄၈ ဦးရှိကာ စုစုပေါင်း ကူးစက်ခံရသူ ၂၇,၉၃၈ ရှိပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်ကို ၂၃၂ ဦးလို့ကြေငြာခဲ့ပေမယ့် လေ့လာသူတွေကတော့ ပိုမိုများပြားလိမ့်မယ့်လို့ ယူဆနေကြပါတယ်။ အသွားအလာပိတ်ဆို့ခြင်းကို ရုရှားနိုင်ငံအတွင်း တင်းတင်းကြပ်ကြပ်လုပ်ဆောင်ထားပြီး အစားအစာနဲ့ သေရေးရှင်ရေးအတွက်သာ အပြင်ထွက်ဖို့နဲ့ အပြင်ထွက်ပါက တစ်ဦးနဲ့တစ်ဦးသတ်မှတ်ထားတဲ့အကွာအဝေးမှသာ ဆက်သွယ်ရမည်ဖြစ်ကာ Mask ကိုအမြဲဝတ်ဆင်ထားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

@BBC

ပူတင်က ယခုရွေ့ဆိုင်းမှုကို ပြန်လည်အစားထိုးကျင်းပမည်လို့လဲ ပြောခဲ့ပြီး ရက်အတိအကျကိုတော့ ဖော်ပြခြင်းမရှိသေးပါဘူး။ ပူတင်က သူ့ရဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ” တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ရောဂါကပ်ဟာ ရုရှားမှာ အမြင့်ဆုံးအချိန်ကိုမရောက်သေးပါဘူး။ ဒီအချက်တွေက သူ့ကို ရင်ပြင်နီအခမ်းအနားနဲ့ အခြားသော လူစုလူဝေးပွဲတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ချက်ချစေခဲ့တယ် ” လို့ပြောကြားခဲ့ပါတယ်။

ပြောင်းရွှေ့ကျင်းမည့်ရက်နဲ့ပတ်သတ်ပြီး စစ်ပြန်ကြီးများအဖွဲ့အစည်းက ” ရက်ရွှေ့ပြောင်းမယ်ဆိုရင် 1945 တုန်းက ဆိုဗီယက်စစ်ဗိုလ်ချုပ် Georgy Zhukov ကိုယ်တိုင်ဦးဆောင်အောင်ပွဲခံခဲ့တဲ့ ဇွန် ၂၄ ဒါမှမဟုတ် ဒုတိယကမ္ဘာစစ်အဆုံးသတ်ခဲ့တဲ့ စက်တင်ဘာ၃ ရက်နေ့ ကိုပြောင်းရွှေ့သင့်တယ်” လို့ အကြံပေးထားပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- BBC

Leave a Comment

Your email address will not be published. Required fields are marked *