ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်ထဲမှာ အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ဖီဆန်တဲ့ မြန်မာအမျိုးသား ၂ ဦးအပါအဝင် လူ ၈ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ပထုံရဲစခန်းမှ တာဝန်ကျ ရဲချုပ် အန်ကာနစ်ဒန်ဖစ်တက်ဆာ့တ်ကတော့ သူတို့တွေဟာ အစိုးရက ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့်ကို ဖီဆန်တဲ့အတွက် ဖမ်းဆီးခဲ့ရတာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

@BangkokPost

ထိုင်းအစိုးရဟာ ကမ္ဘာတလွှား ကပ်ရောဂါအသွင်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဧပြီ ၃ ရက်နေ့ ညပိုင်းကစပြီး တနိုင်ငံလုံး ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခဲ့တာပါ။

ညမထွက်ရ အမိန့်ဟာ နေ့စဉ် ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း သတ်မှတ်ထားပြီး ဘဏ်လုပ်သားတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ ဆေးပစ္စည်းတွေနဲ့ လောင်စာတွေ၊ ညဆိုင်း ခွဲလုပ်ရသူတွေကလွဲရင် အားလုံး အကျုံးဝင်တယ်လို့ ဆိုပါတယ်။

@BangkokPost

လက်ရှိ ဖမ်းဆီးခံရသူတွေထဲက မြန်မာအမျိုးသား ၂ ဦးကတော့ အသက် ၃၅ နှစ်အရွယ် ကျော်ဦးနဲ့ အသက် ၂၁ နှစ်အရွယ် ဂျာဂျားတို့ ဖြစ်ကြပြီး ထိုင်းနိုင်ငံသား ၅ ဦး၊ တရုတ် နိုင်ငံသား ၁ ဦး ပါဝင်နေခဲ့တာပါ။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Leave a Comment

Your email address will not be published. Required fields are marked *