ဧပြီ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ နယူးယော့ခ်ပြည်နယ်ရဲ့ ၂၄ နာရီအတွင်း Covid-19 လူနာသေဆုံးမှုဟာ ၆၃၀ ရှိခဲ့ပြီး ယခုဆိုလျှင် ပြည်နယ်အတွင်းစုစုပေါင်းသေဆုံးသူ ၃၅၆၅ဦးရှိခဲ့ပြီလည်းဖြစ်ပါတယ်။ စိတ်မကောင်းစွာပဲ ကူးစက်ခံရသူဦးရေဟာလည်း နယူးယော့ခ်မြို့ပေါ်မှာတင် ၆၃,၃၀၆ ရှိကာ သေဆုံးသူ ၂၆၂၄ ဦးရှိပါပြီ။ အမေရိကန်တပြည်လုံးအတိုင်းအတာကတော့ ကူးစက်ခံရသူစုစုပေါင်း ၁၁၃,၇၀၄ ဦးပါ။

မြို့တော်ဝန် Andrew Cuomo က ပြည်နယ်အတွင်း နောက်လေးရက်မှ ၁၄ ရက်အတွင်း ကူးစက်ခံရသူဦးရေ ထပ်မံတိုးပွားလာဖို့ရှိနေပြီး ဆေးရုံ တွေမှာလည်း လူနာတွေ အစုလိုက်အပြုံလိုက်ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ ဒါဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် စိန်ခေါ်မှုအကြီးကြီးနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်တယ်လို့ သူကပြောကြားပါတယ်။

Getty Images

ကျွန်တော်တို့တွေ ရောဂါရဲ့အပြင်းထန်ဆုံးအချိန်ကို ချက်ချင်းရင်ဆိုင်လိုက်ချင်မိတယ်။ အစွမ်းကုန် သေသေကြေကြေ တိုက်ပွဲဝင်ကြရင်းပေါ့ ။ အခြားတစ်ဖက်ကကြည့်ပြန်ရင်လည်း အဆိုးဆုံးအချိန်ကိုမရောက်သေးတာ ကျွန်တော်တို့အတွက် ကောင်းပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ အဲ့ဒီအခြေအနေအတွက် အသင့်အနေအထားမှာရှိမနေသေးဘူး” လို့ ပြောပြလာပါတယ်။

အစိုးရရဲ့ အကူအညီနဲ့ ကူးစက်ခံရောဂါသည် ၂၅၀၀ ကို ကိရိယာအစုံအလင်နဲ့ ကုသနိုင်မယ့် ဆေးရုံကို Manhattan မှာရှိတဲ့ Javits Center မှာထားရှိပေးသွားတော့မှာဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ထပ်မံလိုအပ်နေတဲ့ အသက်ရှူဖေးကူးကိရိယာတွေဖြည့်တင်းပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီး တရုတ်နိုင်ငံရဲ့အကူအညီနဲ့ အခြားသော ရောဂါကုသရေးပစ္စည်း အစုံ ၁၀၀၀ နောက်တစ်ပတ်စနေနေ့မှာ ရောက်ရှိလာနိုင်တယ်လို့ လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နယူးယော့ခ်ပြည်နယ်ကို Oregon ပြည်နယ်က အသက်ရှူဖေးကူးကိရိယာ အစုံ ၁၄၀ လည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

Getty Images

နယူးယော့ခ်ရဲ့ တဖြည်းဖြည်းမြင့်တက်နေတဲ့ ကူးစက်ခံရသူဦးရေကို ထိန်းချုပ်ကုသနိုင်ဖို့ ပရဟိတအနေနဲ့ ပါဝင်ကူညီလိုသူ ၈၅,၀၀၀ ရှိပြီး ၎င်းတို့အထဲက ၂၂,၀၀၀ ဟာ ပြည်နယ်ပြင်ပက ဖြစ်ပါတယ်။ နာရီပိုင်းအတွင်းကပဲ ၈.၆မီလီသော ပြည်သူတွေထဲက ပရဟိတ ပါဝင်ကူညီလိုသူလိုင်စင်ရကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီကို တောင်းခံထားရပါသေးတယ်။

သင်တို့မှာ ယခုရောဂါအတွက် ကျွမ်းကျင်တဲ့ အရည်အချင်းတွေမရှိနေသေးဘူးဆိုရင်တောင် ကျွန်တော်တို့သင့်ကိုလိုအပ်ပါတယ်။ ဆရာဝန်၊ သူနာပြု၊ အသက်ရှူလမ်းကြောင်းကုသရေးဆိုင်ရာကျွမ်းကျင်ဝန်ထမ်း အကုန်ပါပဲ” လို့ တောင်းဆိုမှုပြုထားရပါတယ်။ ယခုနှုန်းအတိုင်းသာ သွားနေမယ်ဆိုရင်ဧပြီနဲ့မေလအတွင်း ရောဂါကိုထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်းအင်အား ၄၅,၀၀၀ အထိလိုအပ်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Leave a Comment

Your email address will not be published. Required fields are marked *