အစိုးရ ဘာလုပ်နေလဲ…အဲ့လို ပြောနေတဲ့ သူတွေကို အင်္ဂလန်လွှတ်လိုက် အကိုတဲ့ ။

ဖုန်းထဲမှာ ကျနော် ညီလိုချစ်ရတဲ့ မောင်မျိုး အသံက နာကျည်းသံပေါက် နေပါတယ် ။ မောင်မျိုး အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က အိမ်မှာ Lockdown ကျ နေတာ ၂ ပါတ်ရှိပါပြီ ။

Getty Images

ဘီစကစ် ၃ ချပ်ပါတဲ့ အထုပ် ၄ ထုပ် နွားနို့တစ်လီတာ ပန်းသီးတလုံး ဗန်တိုတဗူးကို တရက် စားသောက်ရင် ၁၄ ရက်အတွက် အိုကေပါတယ်လို့ အစိုးရက တွင်တွင် အော်နေတယ် အကိုရေ ။ အဲ့ဒါတောင် ကိုယ့်ဟာကိုယ် ဝယ်စားရမှာနော်တဲ့ ။

ဘာ Q မှ အစိုးရက စီစဉ်မပေးဘူး ။ Facility Q တွေ Close Contact တွေ Isolation တွေ လာမပြောနဲ့ ။ ပေါ့စတစ်တွေ့တဲ့သူတောင် အိမ်မှာကိုယ့်ဟာကိုယ် Isolate လုပ် ။ ပါရာစီတမော သောက် ၊ စီဗစ်စား ၊ အမောဖောက်လာရင် အကြောင်းကြား ၊ လာခေါ်မယ်တဲ့ဗျာ ။ မယုံရင် ကိုအောင်ရင် ကြီးရေး ထားတာသာ ဖတ်ကြည့်ကြလို့ ပြောလိုက်ပါအကို တဲ့ ။

ထောက်ပံ့ကြေးလား ။ ကုမ္ပဏီဖက်က ၅၀ ၊ အစိုးရက ၃၀ ၊ ပြောလိုက် ။ အစိုးရက ၅၀ ၊ ကုမ္ပဏီတွေက ၃၀ ပြောလိုက်နဲ့ ဘော်လီဘောပုတ်နေတာ ကျနော်တို့ ရင်မ နေရပြီတဲ့ ။ ဒါပထမလ အတွက်ပဲ ရှိသေးတာ ။ နောက်လ နောက်လတွေ အတွက်တော့ မတွေးရဲတော့ဘူးတဲ့ ။

Photo: MSCO

ဒါပေမယ့် ဘယ်သူမှ ဆန္ဒမပြဘူး ။ ဘယ်ပါတီကမှ မီးဝင်မထိုးဘူး ။ ဘယ်အဖွဲ့ကမှ ပနာဝင်မယူဘူး ။ အစိုးရ အခက်အခဲကို လူတိုင်းနားလည်တယ် ။ Right နဲ့ Rule ကိုခွဲခြားတတ်တယ် ။ ကိုယ့်ရပိုင်ခွင့်တွေ တောင်းရမယ့်အချိန် မဟုတ်ဘူး အကိုရေတဲ့ ။

ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်တဲ့ ကိစ္စလား ။ တနေ့လူ ၂ သောင်း စစ်နေတယ်လေ ။ နောက်တပါတ်လောက်ဆို လူရှစ်သောင်းလောက်အထိ တိုးစစ်ဖို့ လုပ်နေကြတယ် ။

ပြဿနာက ပိုးတွေ့ပါပြီတဲ့ ။ ဘာဆက်လုပ်ကြမလဲ ။ အိမ်မှာပဲ နေခိုင်းမှာလေ။ ဘာထူးမှာလည်း အကိုတဲ့ ။ အစိုးရက လူတွေပိုးနဲ့ များများထိတွေ့ ။ Immunity တွေ များများရ ။ သေတဲ့လူ လည်းသေ ။ ရှင်တဲ့လူလည်းရှင် ။ အဲ့လိုများ ရည်ရွယ်နေသလား မသိပါဘူး အကိုရာတဲ့ ။ အရင့်အရင်ကလည်း လုပ်ခဲ့ဘူးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တော့ ဒီကလူတွေ သံသယဝင်ကြတာ အပြစ်တော့ ပြောလို့မရဘူး အကိုရေ တဲ့ ။

Photo: Facebook

အခု အင်္ဂလန်အစိုးရက တိုင်ပါတ်နေတာ ။ ဘတ်ဂျက်ကို ပိုးစစ်တဲ့နေရာမှာ သုံးရမလား ၊ ပိုးသတ်တဲ့ Research သုတေသနမှာ သုံးရမလား ၊ အကာအကွယ် ပစ္စည်းတွေ ဝယ်တဲ့ နေရာမှာသုံးရမလား ၊ PPE တွေ Ventilator အသက်ရှူစက် တွေပဲ ဝယ်ရမလား ၊ Q စခန်းတွေဆောက် ၊ အစားအသောက် နဲ့ facility တွေပေးပြီး ပိုးကို ထိန်းတဲ့နေရာမှာ သုံးရမလား၊ စဉ်းစား နေရတုန်း အကိုရေ ။

အခု ကျနော်တို့က မြန်မာအစိုးရရော မညီးမညူ တိုက်ပွဲဝင်နေတဲ့ ဆရာဝန် ဆရာမတွေ ကျန်းမာရေးဝန်ထမ်းတွေ ၊ ကူကြလှူကြ နိူးဆော်ကြ ၊ ရိုင်းပင်းကူညီနေကြတဲ့ မြန်မာတွေကို အားကျနေတာ အကိုရေ ။

မြန်မာပြည်က အစိုးရ ကြိုမပြင်ဘူးလား ။ ဘာတွေလုပ်နေလဲ မေးနေတဲ့ အချို့ အချို့သော တာဇံတွေကို အင်္ဂလန်အစိုးရကတော့ဒါတွေ ဒါတွေ လုပ်နေပါတယ် ဆိုတာလေး ပြောပြလိုက်ပါ အကိုတဲ့ ။

Zarni Zaya

Leave a Comment

Your email address will not be published. Required fields are marked *