ကိုရိုနာဗိုင်းရပ်စ်ကုသဆေးဖော်ထုတ်နိုင်ရေး သုတေသနလုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ အင်တာနက်ကွန်ရက်တွေကို နိုင်ငံရပ်ခြားအစိုးရဟက်ကာတွေက ဝင်ရောက်ဖောက်ထွင်းနေတယ်လို့ အမေရိကန်ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရိုအက်ဖ်ဘီအိုင်က ဧပြီ ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

အက်ဖ်ဘီအိုင်ရဲ့ အင်တာနက်လုံခြုံရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး မစ္စ တွန်ညာ ယူဂေါ်ရတ်ဇ်က သူတို့ဟာ မကြာမီက အစိုးရတွေက ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေကို တွေ့ရှိခဲ့ရပြီး ဒီဟတ်ကာတွေဟာ အမေရိကန်ပြည်တွင်း ဆေးသုတေသန အဖွဲ့တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကို ဝင်ရောက်ထိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

Getty Images

မစ္စယူဂေါ်ရတ်ဇ်က ပြည်ပကဟက်ကာတွေဟာ အမေရိကန်ပြည်တွင်း ဆေးဝါး ထုတ်လုပ်ရေးလောကက ကုမ္ပဏီတွေကို ပစ်မှတ်ထားနေပြီး အထူးသဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ကုသရေးအတွက် ဆေးသုတေသနလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ဝင်ရောက်ထိုးဖောက်နေ တာလို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက ဟတ်ကာ တွေ ဝင်ရောက်ထိုးဖောက်နေတယ်ဆိုတာကိုတော့ မစ္စယူဂေါ်ရတ်ဇ်က ထုတ်ဖော်ခြင်းမရှိဘူးလို့ ရိုက်တာသတင်းက ရေးသားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Leave a Comment

Your email address will not be published. Required fields are marked *