Ford မော်တော်ကားထုတ်လုပ်ရေးဟာ နောက် ရက် ၁၀၀ အတွင်း General Electric ကျန်းမာရေးပစ္စည်းထုတ်လုပ်ရေးနှင့်ပူေးပါင်းကာ အသက်ရှူဖေးကူ ကိရိယာအစုံ ၅သောင်းထုတ်လုပ်ပေးနိုင်အောင်ကြိုးစားသွားမှာဖြစ်ပြီး ယခု ပထမဆုံးထုတ်လုပ်မှုအောင်မြင်ပါက လစဉ် အခု ၃ သောင်းနှုန်းဆက်တိုက်ထုတ်လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။

@CNA

ယခုထုတ်လုပ်မယ့် အသက်ရှူဖေးကူ ကိရိယာတွေဟာ General Electric ရရှိထားတဲ့ ဆေပစ္စည်းထုတ်လုပ်မှုလိုင်စင်အောက်မှာ အကျုံးဝင်မှာဖြစ်ကာ အမေရိကန် အစားအသောက်နှင့်ဆေးဝါးထုတ်လုပ်ရေးမှ အတည်ပြုပေးပြီးလည်း ဖြစ်မှာပါ။ ဒါ့အပြင် ယခုထုတ်လုပ်မယ့်ကိရိယာတွေဟာ လျှပ်စစ်မလိုအပ်ပဲ လေဖိအားအသုံးပြုထားတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်နိုင်ငံအတွင်းမှာ လောက်ငအောင် ထုတ်လုပ်သွားမှာဖြစ်ပြီး President Trump အပါအဝင် အစိုးရအဖွဲ့လူကြီးတွေက ဆေးပစ္စည်းထုတ်လုပ်မှုတွေကို အရှိန်မြှင့်တင်ဖို့ ထုတ်လုပ်ရေးတွေကို တွန်းအားပေးထားပါတယ်။ Ford Company ဟာ ယခုထုတ်လုပ်မှုကို Michigan မှာရှိတဲ့ သူတို့ရဲ့ စက်ရုံအခွဲမှာ စတင်မှာဖြစ်ပြီး လုပ်သား ၅၀၀ နဲ့စတင်လုပ်ဆောင်သွားမှာပါ။

@CNA

ထုတ်လုပ်မှုလုပ်ငန်းတွေမှာ လုပ်သားတွေကို လုံလောက်တဲ့အကွာအဝေးမှာထားရှိမှာဖြစ်ပြီး စက်ရုံထဲမဝင်ရောက်ခင်မှာ အပူချိန်တိုင်းတာခြင်းတွေကို စနစ်တကျလုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

ကျွန်တော်တို့ ကမ္ဘာကြီးကိုကယ်တင်ဖို့ ရှိသမျှနည်းပညာတွေကို ထိထိရောက်အသုံးချသွားမှာပါ” လို့ Ford ရဲ့ ထုတ်လုပ်မှုဒါရိုက်တာ Adrian Price ကဆိုပါတယ်။ အကယ်လို့ ယခုထုတ်လုပ်မှုဟာအောင်မြင်ပြီး အလုပ်သမားတွေကြားကူးစက်မှုမရှိအောင် လုပ်ဆောင်နိုင်တယ်ဆိုရင်အခြားသောစက်ရုံတွေကိုလည်း ယခုလိုကာကွယ်ရေးတွေကို အသုံးပြုပြီး ပြန်လည် လည်ပတ်စေမယ်လို့လည်း သူကဆက်လက်ပြောကြားပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Leave a Comment

Your email address will not be published. Required fields are marked *