ပေါ်တူဂီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ နေတဲ့ အခုလို အချိန်မှာ မိသားစုနဲ့ အတူမွေးရပ်မြေပေါ်တူဂီက အိမ်မှာပဲ အတူဖြတ်သန်းနေတာဖြစ်ပါတယ်။

Getty Images

ဘောလုံးသမား တွေကြားမှာ အိမ်မှာနေရင်း ဆံပင်ညှပ်ကြရတဲ့ အခြေအနေကို လူမူကွန်ယက်စာမျက်နှာမှာတင်ကြ ပုံက ရေးပန်းစားလျက်ရှိပါတယ်။ ရော်နယ်ဒိုဟာလည်း သူရဲ့ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ဆံပင်ညှပ်ပေးနေတဲ့ ဗီဒီယိုဖိုင်းတစ်ခုကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်သွားခဲ့တာဖြစ်ပါတယ်။

Getty Images

ရော်နယ်ဒိုအနေနဲ့ အပြိုင်က ဆံသဆိုင်းမှာ ဆံပင်ထွက်ညှပ်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရှိ နေတာကြောင့် ချစ်သူဖြစ်သူ ရိုဒရီဂွက်ဇ်ကိုပဲ ယုံယုံကြည်ကြည်နဲ့ ညှပ်ခိုင်းခဲ့တာဖြစ်ပါတယ်။ ရိုဒရီဂွက် ဇ်ကတော့ ရော်နယ်ဒိုရဲ့ အနောက်က ဆံပင်တွေကို စက်ကတ်ကြေးနဲ့ အပေါ်ကိုဆွဲပြီး ညှပ်ပေးခဲ့ တာကိုလည်း ဗီဒီယိုထဲမှာ တွေ့မြင်ရပါတယ်။

ရော်နယ်ဒိုကတော့ ချစ်သူညှပ်ပေးတဲ့ အခြေအနေမှာ ပျော်ရွှင်နေကြောင်း ကို ဘောလုံးပွဲတွေမှာ ဂိုးသွင်း ပြီး အောင်ပွဲခံတဲ့ မျက်နှာအမူအရာလုပ်ပြီး လက်မ ၂ချောင်းလုံးကို ထောင်ပြပြီး အရွန်း ဖောက်ခဲ့ တာကိုလည်း ဗီဒီယိုဖိုင်ထဲမှာ တွေ့ရ ပါတယ်။ရော်နယ်ဒိုရဲ့ အင်စတာဂရမ်အကောင့်မှာ Follower လုပ်သူသန်း၂၁ဝရှိပြီး ပရိသတ်တွေကတော့ မိနစ်ပိုင်းအတွင်းမှာပဲ ၄သန်းကျော် ကြည့် ရူသူ ရှိသွားခဲ့ပါတယ်။

Getty Images

အသက်၂၆နှစ်ရှိ ရိုဒရီဂွက်ဇ်နဲ့ စီရော်နယ်ဒိုတို့ဟာ ၂၀၁၆ခုနှစ်က စတင်ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ အသက်၃၅နှစ်ရှိ ရော်နယ်ဒိုအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မူကြောင့် ဘောလုံးပွဲတွေရပ်နားထားရလို့ လုပ်ခပေါင်၃.၄၅သန်း ဖြတ်တောက်ခံရမှာဖြစ်ပေမယ့်လည်း မိသားစုနဲ့အတူအပြုံမပျက်ဘဲ အိမ်မှာ ပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။

Jack ( Sports Reader )

Leave a Comment

Your email address will not be published. Required fields are marked *