ရန်ကုန် – COVID-19 ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့်ထားသူ စုစုပေါင်း (၃၉၃)ဦးအား စစ်ဆေးရာ ၁၂ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ယနေ့ နံနက် ၁၀နာရီခွဲတွင် ထုတ်ပြန်သည်။

covid-19 test result positive

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် ဧပြီ၁၄ရက်တွင် တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ (၁၁၂) ဦးနှင့် အသွား အလာကန့်သတ်ခြင်းနှင့် တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၈၁) ဦးစုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ ၁၂ဦးတို့၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၈၁)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန

ထို့ကြောင့် ဧပြီ ၁၅ရက် နံနက် ၁၀နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၇၄ ဦး တွေ့ရှိပြီးဖြစ်သည်။

ထို့အပြင် ရောဂါပိုးတွေ့သူလူနာသစ် ၁၂ဦး၏ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်ကောင်းမွန် လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source_MOHS

Leave a Comment

Your email address will not be published. Required fields are marked *