လူတွေအသွားအလာကြဲလာတာ အိမ်တွင်းအောင်းနေကြရတာကို တိရစ္ဆာန်တွေကအနှေးနဲ့အမြန်သတိထားမိလာကြပြီး တောင်အာဖရိကနိုင်ငံ Kruger အမျိုးသားဥယျာဉ်က ကျားတွေကတော့ ဒါကိုကောင်းကောင်းအခွင့်ကောင်းယူလိုက်ကြပါတယ်။ ဥယျာဉ်စောင့်ရှောက်ရေးသမား Richard Sowryက ဧပြီ၁၅ ရက်နေ့မှာ ဥယျာဉ်ထိန်းသိမ်းရေးအတွက် လှည့်လည်ကြည့်ရှုစဉ် ယခင်က ခရီးသွားနေတဲ့စည်ကားခဲ့တဲ့လမ်းမကြီးတစ်လျောက် ခြင်္သေ့တွေမင်းမူနေတာကိုတွေ့ခဲ့ရတာပါ။

Kruger အမျိုးသားဥယျာဉ်ဟာ အခြားသော ဘေးမဲ့ဥယျာဉ်တွေလိုပဲ Covid-19 ကြောင့် မတ်လ ၂၅ ရက်နေ့ကတည်းကပိတ်ထားခဲ့တာလည်းဖြစ်ပါတယ်။ ညဘက်ကင်းလှည့်တွေဆို ကျားတွေနဲ့ ကျာသစ်တွေကိုပါ မကြာခဏတွေ့နေရပါသေးတယ်။

အာဖရိကရဲ့အကြီးဆုံးသောဘေးမဲ့ ဥယျာဉ်ကြီးကို ထိန်းသိမ်းသူတစ်ယောက်ဖြစ်တဲ့ Mr. Sowry ဟာ ယခုလို အသွားအလာကန့်သတ်ထားတဲ့အချိန်မှာတောင် တောရိုင်းတိရစ္ဆာန်တွေနဲ့ ၎င်းတို့ကို ရန်မူလာမယ့် မှောင်ခိုသမားတွေကို အမြဲစောင့်ကြည်ေ့နရပါတယ်။ ဧပြီ ၁၅ ရက်နေ့ ကင်းလှည့်စဉ်အတွင်းယခုလို ခြင်္သေ့တွေ စိတ်အေးလက်အေးအနားယူနေတာကို တွေ့ခဲ့ရခြင်းဖြစ်ကာ ၎င်းတို့နဲ့ ၅မီတာအကွာလောက်အထိသွားခဲ့တာတောင် အိပ်မောကျနေတဲ့ ခြင်္သေ့တွေက သတိထားမိပုံမရပါဘူးတဲ့။ နောက်တစ်ချက်ကတော့ ကမ္ဘာလှည့်ခရီးသွားတွေဟာ သူတို့ကို ကားနဲ့အမြဲလှည့်လည်ကြည့်ရှူသွားတာကို သိနေတော့ သူတို့က ကားပေါ်က လူတွေကသူတို့ကို အန္တရာယ်မပေးဘူးဆိုတာ သိနေကြပါတယ်။ လမ်းလျောက်ပြီး သူတို့နားကပ်သွားရင်တော့ အဲ့လောက်အကွာအဝေးထိသွားနိုင်မယ်မထင်ပါဘူး လို့ သူကပြောပြပါတယ်။

Photo_MSN

အသက်အကြီးဆုံး ခြင်္သေ့မဟာဆို ၁၄နှစ်သားအရွယ်ရှိပြီး သူတို့က ကားတွေနဲ့ယဉ်ပါးနေကြပါပြီ။ ပုံမှန်ဆို နေ့ဘက်တွေမှာ ခြင်္သေ့တွေလမ်းပေါ်ထွက်လေ့မရှိပဲ အရမ်းအေးတဲ့ညတွေမှသာ နေ့အပူချိန်ငွေ့ငွေ့ရှိနေတဲ့ လမ်းမပေါ်တက်အိပ်ကြတာပါ။ ယခုလို လမ်းမတွေဟာ သူတို့အတွက် လုံခြုံတယ်လို့ ထင်သွားတာမကောင်းပါဘူးလို့ တောရိုင်းစောင့်ရှောက်သူတွေကပြောပြပါတယ်။

ယခုလို ကာလမှာ ခြင်္သေ့တွေ တောခွေးတွေဟာ ဂေါက်ကွင်းတွေအထိ ရောက်လာကြပြီး သူတို့ရဲ့ ပုံမှန်နေထိုင်မှုကိုတော့ ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ Mr. Sowry က သူမှတ်တမ်းတင်ခဲ့တဲ့ ဓါတ်ပုံတွေကို လူအများက ကြည့်ရှု
ကြတာကို ဝမ်းသာနေပြီး ယခုလိုကာလမှာ လူသားတွေအတွက် စိတ်ထွက်ပေါက်တစ်ခုဖြစ်စေမယ့်လို့ယုံကြည်ကြောင်းသူကပြောပါသေးတယ်။ ပုံမှန်ဆိုခြင်္သေ့တွေက ခြုံတွေထဲမှာ နေကြတာများပါတယ်။ ယခုလို လမ်းမပေါ်အစုလိုက်အပြုံလိုက်တက်လာခြင်းက အဲ့ဒီ့နေ့မတိုင်ခင်ညက မိုးရွာပါတယ်။

ဒါ့ကြောင့်သူတို့ ခြောက်သွေ့တဲ့လမ်းမပေါ်တက်လာကြတာလည်းဖြစ်ပါတယ်။ သူတို့က စိုစွတ်မှုကို သိပ်မကြိုက်ကြလို့လဲဖြစ်ပါတယ်။Covid-19 အခြေအနေနဲ့ပတ်သတ်ပြီး တောင်အာဖရိကမှာ ကူးစက်ခံရသူ ၂၅၀၆ ဦးရှိပြီဖြစ်ကာ သေဆုံးသူက ၃၄ ဦးပါ။ ဒါဟာ အာဖရိကဒေသတွင်းနိုင်ငံတွေမှာ အများဆုံးဦးရေဖြစ်ပါတယ်။ ဒါ့အပြင် အသွားအလာပိတ်ဆို့မှုကာလကိုလည်း နောက်နှစ်ပတ်ထပ်မံတိုးမြှင့်ထားပါသေးတယ်။

Writer- ZWP(thelifestylemyanmar)
Source- BBC

Leave a Comment

Your email address will not be published. Required fields are marked *