ယနေ့ ဧပြီ ၄ရက်နေ့ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတွင်း ကူးစက်ခံရသူဦးရေ ၃၀ အထိရှိလာခဲ့ပြီး မနေ့က ဧပြီ ၃ရက်နေ့မှာ ကူးစက်ခံရသူ ၁၉ဦးရှိခဲ့ပါတယ်။ ကူးစက်ခံရသူတွေထဲမှာ နိုင်ငံခြားမှပြန်လာသူတွေပါသလို နိုင်ငံတွင်းကူးစက်ခံရမှုတွေကို ပြန်လည်တွေ့ရှိလာတဲ့အတွက် ရောဂါကူးစက်မှုကြီး ပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။

@CNA

နိုင်ငံလုံးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ယနေ့ကူးစက်ခံရသူထဲမှ ၂၅ဦးဟာ ပြည်ပမှာဝင်ရောက်လာသူတွေဖြစ်တာကိုတွေ့ရတယ်လို့ပြောပါတယ်။ နိုင်ငံတွင်း ကူးစက်ခံရသူ ၅ဦးဟာ ကမ်းရိုးတမ်းဒေသပြည်နယ်တစ်ခုဖြစ်တဲ့ Guangdong မှဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ စုစုပေါင်းကူးစက်ခံရသူ ၈၁,၆၆၉ ဦးရှိခဲ့ပြီး အများစုဟာပြန်လည်သက်သာလာပြီး သေဆုံးသူကတော့ ၃၃၂၉ဦးရှိခဲ့တာပါ။

ဖေဖော်ဝါရီလအကုန်လောက်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်ကရောဂါအကူးစက်ခံရဆုံးနိုင်ငံအဖြစ်မှ ပြန်လည်နလန်ထူလာခဲ့ပေမယ့် ရောဂါကို အပြီးသတ်တိုက်ထုတ်ဖို့ရန်အတွက် ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အကြောင်းကတော့ ရောဂါအခြေအနေမပြခင်မှာပဲ ကူးစက်မှုတွေရှိနေနိုင်တာကြောင့် ယနေ့အချိန်အထိအပြီးသတ်အမြစ်ဖြတ်ဖို့ဆိုတာ မျှော်လင့်နေရတဲ့အခြေအနေသာဖြစ်နေတာပါ။

@CNA

နိုင်ငံခြားသားဝင်ရောက်မှုကို တားမြစ်ပြီးရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမယ့် ပြည်ပမှပြန်လာတဲ့ တရုတ်နိုင်ငံသားတွေရှိနေသေးတာကြောင့် ထင်သလောက်မထိန်းချုပ်နိုင်ဘူးဖြစ်နေတာလည်းဖြစ်ပါတယ်။

ဗဟိုအစိုးရကတော့ ပြည်နယ်အသီးသီးအနေနဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး လူနာတွေကို သီးသန့်ခွဲခြားထားဖို့နဲ့ စနစ်တကျကုသပေးဖို့ ညွှန်ကြားထားပါတယ်။ ပြည်မကြီးမှာတော့ မနေ့က ရောဂါသံသယရှိသူ ၄၇ ဦးတွေ့ခဲ့ကာ သောကြာနေ့ကတော့ သံသယလူနာ ၆၄ဦးရှိခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Leave a Comment

Your email address will not be published. Required fields are marked *