ကမ္ဘာတစ်ဝှမ်းလူပေါင်း ၂မီလီယံကျော်ကို ကူးစက်ခဲ့ပြီဖြစ်တဲ့ Covid-19 ဟာ တရုတ်နိုင်ငံတွင်း ဓါတ်ခွဲခန်းတစ်ခုမှာ ဖန်တီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကိုယ်တိုင်က သက်သေခိုင်လုံမှုမရှိတဲ့အတွက် ပယ်ချခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဧပြီလ ၁၆ ရက်နေ့ မှာထုတ်ပြန်ပါတယ်။

China’s Foreign Ministry spokesman Zhao Lijian at a daily media briefing in Beijing on April 8, 2020.PHOTO: AFP

ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ Covid-19 ဟာ တရုတ်နိုင်ငံအလယ်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ဝူဟန်ဓါတ်ခွဲခန်းတစ်ခုမှာ ဖန်တီးခဲ့တယ်ဆိုတဲ့ အဆိုကိုလည်း ငြင်းပယ်ခဲ့ပါတယ်။

အမေရိကန် သမ္မတဒေါ်နယ်ထရန့်ကတော့ သူရဲ့အစိုးရကို Covid-19 ရဲ့ ရင်းမြစ်နဲ့ပတ်သတ်ပြီးစုံစမ်းစစ်ဆေးဖို့ တာဝန်ပေးထားတယ်လိုပြောခဲ့ကာ Mike Pompeo ကတော့ ဘေဂျင်းအစိုးရအနေနဲ့ အမေရိကန်ရှာဖွေတွေ့ရှိလာမယ့်အချက်တွေအပေါ် ဖြေရှင်းချက်ပေးဖို့လိုအပ်လိမ့်မယ် လို့ဆိုခဲ့ပါတယ်။ အမေရိကန်အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစောပိုင်း ဖော်ပြချက်တွေမှာတော့ Covid-19 ဟာ လူလုပ်ရောဂါပိုးတစ်ခုမဟုတ်ဘူးလို့ဆိုထားပေမယ့် ထပ်မံစုံစမ်းစစ်ဆေးဖို့ဖြစ်လာခဲ့တာပါ။ သမ္မတထရန့်ကတော့ ယခုလို ကမ္ဘာကပ်ကြီးဖြစ်ပေါ်စေခဲ့တဲ့ အဓိကရင်းမြစ်ကိုတော့ကျွန်တော်တို့ သေချာဆန်းစစ်ရလိမ့်မယ် လို့ ဆိုပါတယ်။

@BBC

ဒါ့အပြင် ကမ္ဘာ့ကျန်မာရေးအဖွဲ့ကြီးရဲ့ လမ်းညွှန်မှုလိုအပ်ချက်တွေနဲ့ ရောဂါပိုးကို စောစီးစွာကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ယူဆချက်တွေကြောင့် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က WHO ကိုရန်ပုံငွေထောက်ပံ့မှုရပ်ဆိုင်းမယ်လို့ ကြေငြာခဲ့တာ သိပြီးသားဖြစ်မှာပါ။ နောက်တစ်ချက်က WHO ရန်ပုံငွေရဲ့၁၅ရာခိုင်နှုန်းလောက်ဟာ အမေရိကန်ရဲ့ထောက်ပံ့ငွေဖြစ်ပြီး ၂၀၁၉ ခုနှစ်တစ်နှစ်တည်းတင် ဒေါ်လာ ၄၀၀ မီလီယံလှူဒါန်းခဲ့ပါတယ်။ ယခုဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းအကြီးအကဲ Patrice Harris က ” ယခုလိုအချိန်မှာ ရန်ပုံငွေထောက်ပံ့မှုရပ်တန့်လိုက်ခြင်းဟာ မဖြစ်သင့်ပဲ Covid-19 ကိုတိုက်ဖျက်ဖို့လည်း အချိန်ပိုကြာသွားနိုင်တဲ့အတွက်ကြောင့် ပြန်လည်စဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။

WHO ဟာ United Nations ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်ပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အဖွဲ့အစည်းတစ်ခုလဲဖြစ်ပါတယ်။ ယခုရောဂါကပ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရင်ဆိုင်ဖို့အတွက် WHO အနေဖြင့် ရန်ပုံငွေ ဒေါ်လာ ၁ဘီလီယံကျော်လိုအပ်တယ်လို့ ကြေငြာခဲ့ပါတယ်။

@CNA

WHO အကြီးအကဲMr. Antonio Guteeres ကလည်း “ ယခုအချိန်ဟာ WHO မှ မဟုတ်ပဲ ယခုရောဂါပိုးကို ကူညီတိုက်ထုတ်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ မသင့်လျော်ပါဘူး စည်းစည်းလုံးလုံးနဲ့ ရောဂါပိုးကြီးကို တိုက်ထုတ်ရမယ့်အချိန်ပါ” လို့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Leave a Comment

Your email address will not be published. Required fields are marked *