လူ (၅) ဦး ဖြစ်စေ၊ (၅) ဦး အထက်ဖြစ်စေ စုဝေးခြင်း မပြုရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနက ယနေ့ (ဧပြီ ၁၆ရက်) ရက်စွဲဖြင့် ထုတ် ပြန်ကြေညာလိုက်သည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနက အမိန့်အမှတ် ၃၇/၂၀၂၀အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းထုတ်ပြန်ချက်တွင် –

@MSN

၁-အစိုးရဌာန၊အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း/ လုပ်ငန်းခွင်မှပြန်ခြင်း

၂- ကုမ္ပဏီစက်ရုံအလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့သွားရောက်ခြင်း/ ပြန်ခြင်း

၃- ခွင့်ပြုချက်ရရှိထားတဲ့ စျေး/ ကုန်တိုက်များတွင် စျေးရောင်းစျေးဝယ်ပြုခြင်း

၄- ခွင့်ပြုချက်ရရှိထားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်း

၅- တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း

၆- ခွင့်ပြု့ချက်နဲ့အညီ ကိုဗစ်ကာကွယ် နှိမ်နှင်းရေးများဆောင်ရွက်ခြင်း

၇- အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

၈-ကျန်းမာရေးနှင့် စပ်လျဉ်း၍ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်း

၉- နာရေးကိစ္စဆောင်ရွက်ခြင်း

စသည့် အချက် ၉ ချက်မှ လွဲ၍ လူ (၅) ဦး ဖြစ်စေ၊ (၅) ဦး အထက်ဖြစ်စေ စုဝေးခြင်း မပြုရန် တားမြစ်ထားခြင်း ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *