ကမ္ဘာကျော်အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အောင်လအန်ဆန်းလို အားကစား အကျော်အမော်တွေ ပါဝင်မယ့် အွန်လိုင်းတိုက်ရိုက် နိုင်ငံတကာဂီတဖျော်ဖြေပွဲ ကျင်းပဖို့ ရှိပါတယ်။

ဒီပွဲကို ONE Championship နဲ့ မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ Global Citizen တို့က စီစဉ်ပြီး ဧပြီ ၁၉ ရက် ကျင်းပမှာဖြစ်ပြီး မြန်မာစံတော်ချိန် မနက် ၀၀:၃၀ နာရီ မှာ ONE Championship official facebook နဲ့ ONE Super App တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသ မှာဖြစ်ပါတယ်။

ဒီပွဲဟာ ကျန်းမာရေးဝန်ထမ်းတွေ၊ ကမ္ဘာတလွှားက နေအိမ်တွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်မခံရ စေဖို့ အိမ်တွင်းပုန်းနေကြတဲ့ လူသားတွေ စိတ်ဓာတ်ခွန်အားရရှိစေဖို့ ရည်ရွယ်ကျင်းပတာပါ။

ဒီပွဲကို မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းဟာလည်း သူ့ရဲ့ Home Stay အတွေ့အကြုံတွေ၊ နေအိမ်မှာ လေ့ကျင့်ခန်းလုပ်ပုံတွေ၊ ပရိသတ်တွေ သိလိုတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြာပေးမယ်လို့သိရပါတယ်။

ဂီတဖျော်ဖြေပွဲကြီးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်မှုနဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး လူမှုကွန်ရက်ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာပါ။

အချိန် ၈ နာရီကြာမြင့်မှာဖြစ်ပြီး ဂီတ၊ ရုပ်ရှင်၊ အားကစားနယ်ပယ်စုံက ပုဂ္ဂိုလ်တွေအပြင် ONE Championship က အားကစားသမားတွေလည်း ပါဝင်မယ်လို့သိရပါတယ်။

ONE WORLD: TOGETHER AT HOME ဂီတဖျော်ဖြေပွဲမှာ ပါဝင်ကြမယ့် နာမည်ကျော်ပုဂ္ဂိုလ်တွေ အားလုံးက သူတို့ရဲ့နေအိမ်တွေကနေသာ ပါဝင်သီဆိုဖျော်ဖြေကြမှာ ဖြစ်ပြီး ရုပ်သံလွှင့်ခွင့်က ရရှိလာမယ့် အမေရိကန်ဒေါ်လာ ၃၅ သန်းကိုလည်း COVID-19 တိုက်ဖျက်ရေး ရန်ပုံငွေအတွက် လှူဒါန်းသွားမှာပါ။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Leave a Comment

Your email address will not be published. Required fields are marked *