COVID-19 ဓာတ်ခွဲ အတည်ပြု လူနာ (Case-21) သည် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီး ဖြစ်ပြီး မိခင်၊ မောင်တော်စပ်သူ တို့နှင့် မတ်လ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကိုရီးယား သမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ကာ ကိုရီးယား သမ္မတနိုင်ငံ မှတစ်ဆင့် ထိုင်းနိုင်ငံသို့ မတ်လ ၂၅ ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိ ခဲ့ပါသည်။

Photo: MOSH

ထိုင်းနိုင်ငံ မှတစ်ဆင့် မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ရာ ဗိုလ်တစ်ထောင် မြို့နယ်ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာ ကန့်သတ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလူနာသည် ဧပြီ ၂ ရက်နေ့မှ စ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့်ရောဂါ လက္ခဏာများ ခံစားခဲ့ရသဖြင့် ယင်း‌နေ့တွင်ပင် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးသို့ ထပ်မံညွှန်းပို့ခဲ့ရာ စောင့်ကြည့်လူနာ အဖြစ် သီးသန့်ထားရှိပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ လူနာအား ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်လျက် ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *